ပြည်ပဲနီပြားဈေးနှုန်း ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ ပြည်ပဝယ်လက်ပဲတချို့ ဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသောပဲများအနက် ပဲနီပြား၊ ထောပတ်ပဲ၊ စားတော်ပဲဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများအနက် ပဲနီပြားသီးနှံသည် ယခုနှစ်၌ ဈေးကောင်းဝင်ပဲသီးနှံထဲတွင်ပါဝင်နေပြီး ယခုသြဂုတ်လအတွင်း ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ၁၃၂၀၀၀ကျပ်အထိရရှိခဲ့ပါသည်။ ယခင်နှစ် ဩဂုတ်လအတွင်း ပဲနီပြားတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် လက်လီပဲဈေးကွက်၌ာ ပဲသီးနှံအားလုံးနီးပါး ဈေးနှုန်းမြင့်တက်ခဲ့သည့်အတွက် ပဲနီပြားသီးနှံမှာလည်း ယခင်နှစ်၏ ကာလတူအချိန်ထက် ဈေးနှုန်းပိုမိုမြင့်တက်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  ယခုကာလ၌ လက်ကားဝယ်ယူမှုထက် လက်လီသမားများ ပို၍အရောင်းဝယ်ဖြစ်တာကြောင့် တစ်ရက်လျှင် အိတ် ၂၀ကျော်/ ၃၀ခန့်သာရောင်းဝယ်ခဲ့ကြရကြောင်းသိရပါသည်။

DOCA(ပဲခူး)