“ဝါစိုက်ပျိုးထွက်ရှိမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေအားကွင်းဆင်းလေ့လာ”

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင် မှ တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်အတွင်း ဝါစိုက်ပျိုးထွက်ရှိမှုအခြေအနေ၊ စျေးနှုန်းနှင့်စျေးကွက်အခြေအနေများအား သိရှိရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန ၊ ဝါစိုက်တောင်သူများနှင့် ကုန်သည်၊ စက်ပိုင်များအားတွေ့ဆုံပြီး ကွင်းဆင်းလေ့လာခဲ့ပါသည်။

           ကွင်းဆင်းခဲ့မှုအရ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ဝါစိုက်ပျိုးမှုအနေဖြင့် မိုးနှောင်း(ဝါ)အား ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သည့် ကျောက်ဆည်မြို့နယ်တွင်(၈၃၄၉)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၆၈၃၉)ဧက ၊ မြစ်သား မြို့နယ်တွင်(၆၂၅၁)ဧက နှင့် တံတားဦးမြို့နယ်တွင်(၂၉၉)ဧက၊ စုစုပေါင်း(၂၁၇၃၈)ဧကစိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ၄င်းစိုက်ဧကများရိတ်သိမ်းခဲ့ပြီး ယခုအခါတွင် မိုးကြို(ဝါ)အား စိုက်ပျိုးရန်အတွက် ကျောက်ဆည်ခရိုင်အတွင်း၌ ကျောက်ဆည်မြို့နယ်တွင်(၂၀၀)ဧက၊ မြစ်သားမြို့နယ်တွင်(၅၀၀)ဧက၊ စုစုပေါင်း(၇၀၀)ဧကစိုက်ပျိုးရန်လျာထားလျှက်ရှိကြောင်းသိရှိရပါသည်။ဝါသီးနှံအား ဇူလိုင်၊သြဂုတ် လများတွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ခူးဆွတ်ပြီး မျိုးကောင်းမျိုးသန့်များဖြစ်သော ငွေချည်-၆၊ ငွေချည်-၉ ၊ ရွှေတောင်-၈ နှင့် ရွှေတောင်-၁၀မျိုးများအား အများဆုံးစိုက်ပျိုးကြပါသည်။ မျိုးစေ့အနေဖြင့်(၁)ဧကလျှင် တစ်ထုတ်လျှင်(၃)ပိဿာပါ (၇)ထုတ်ကုန်ကျပြီး မျိုးစေ့တန်ဘိုး ၊ ထည်ရေး၊ထွန်ရေးမြေပြုပြင်ခြင်း၊နွားချေး၊ဓါတ်မြေသြဇာစသည့် သွင်းအားစုများနှင့် လုပ်သားခ အပါအဝင်စုစုပေါင်း(၇၀၀၀၀၀-၇၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ မိုးနှောင်း (ဝါ)ထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင်(၆၀၀-၇၀၀)ပိဿာခန့်ထွက်ရှိပြီး ထွက်ရှိလာသော ဝါအမျိုး အစားပေါ်မူတည်ပြီး တစ်ပိဿာလျှင်(၁၂၀၀-၁၅၀၀-၂၂၀၀)ကျပ်အထိရရှိကြောင်း ၊ ဝါဂွမ်းစျေးနှုန်း အနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင်(၃၈၀၀-၄၂၀၀)ကျပ်ရရှိခဲ့ ပြီးယခုနှစ်တွင် တစ်ပိဿာလျှင် (၅၀၀၀-၅၈၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ဝါစျေးကွက်အနေဖြင့် ကျောက်ဆည်ခရိုင်အတွင်းမှထွက်ရှိလာသော ဝါများအား ပွဲစားများ မှ မန္တလေးစျေးကွက်သို့ လည်းကောင်း၊မြစ်သားမြို့ရှိဝါကုန်သည်များထံသို့ရောင်းချကြောင်း၊ထွက်ရှိလာသောဝါဂွမ် များအား ပြည်တွင်းရှိချည်မျှင်စက်ရုံများနှင့်တပ်မတော်ချည်မျှင်စက်ရုံများသို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)