ပြည်ဒေသထွက် ကြက်ဟင်းခါးသီး

Powered by Drupal

       ကြက်ဟင်းခါးသီးကို ပြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ခြံစည်းရိုးများတွင်လည်း မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော ကြက်ဟင်းခါးသီးပင်ကို မိုးဦးကျကာလဖြစ်သော မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးကြသည့်အပြင် ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်လည်းစိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးပင်၏ သက်တမ်းမှာ (၇၅)ရက်မှ (၉၂)ရက်ထိရှိသည်ဟုသိရပါသည်။ ကြက်ဟင်းခါးပင်ကို စီးပွားဖြစ်စိုက်ပျိုးလျှင် တစ်ဧကလျှင် အလုံးရေ(၃)သောင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဈေးများ၌ ကြက်ဟင်းခါးသီးများကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် သြဂုတ်လ၊ တတိယအပတ်တွင် ကြက်ဟင်းခါးသီး(အရှည်) တစ်လုံးလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချပြီး၊ ကြက်ဟင်းခါးသီး(အသေး)အောင်ဗလမျိုးကိုမူ တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)