ပြည်ခရိုင်အတွင်းရှိ ဘိလပ်မြေဈေးကွက်

Powered by Drupal

    ပြည်ခရိုင်တွင် ဘိလပ်မြေဈေးမှာ ယခုနှစ်ဖြစ်သော ၂၀၂၄ခုနှစ် မတ်လတွင် ဈေးအနည်းငယ်မြင့်တက်ခဲ့ရာ ပြည်မြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၁၉၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၁၄၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၀၈၀၀ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ကြံ့နီတစ်အိတ်လျှင် ၁၂၅၀၀ကျပ်နှင့် Alpha တစ်အိတ်လျှင် ၁၂၀၀၀ကျပ်ဖြင့်ရောင်းချကြပြီး ပေါက်ခေါင်းမြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၁၃၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၂၀၀၀ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၂၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လမှာ ပွင့်လင်းရာသီဖြစ်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးစွဲသူများခြင်းတို့ကြောင့် ဘိလပ်မြေဈေးများအနည်းငယ်မြင့်တက်ခဲ့ရာမှ ၂၀၂၄ခုနှစ် မေလမှစ၍ ဩဂုတ်လအတွင်း ပြည်မြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၁၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၉၈၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၉၈၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၀၅၀၀ကျပ်၊ Alpha နှင့် အပါချီတို့မှာ ရောင်းဝယ်မှုမရှိပါ။ ပေါက်ခေါင်းမြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၀၅၀၀ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၀၅၀၀ကျပ်ဖြင့် ဈေးနှုန်းများကျဆင်းခဲ့ပါသည်။ မိုးရာသီကာလဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးစွဲမှုနည်းသွားသောကြောင့် ဈေးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)