ပြည်ထိုင်ဝမ်ကန်စွန်းနှင့် ပြည်နံနံပင်ဈေးကွက်

Powered by Drupal

       ယခုဩဂုတ်လ တတိယပတ်တွင် ပြည်ဈေးကွက်၌ ထိုင်ဝမ်ကန်စွန်းရွက်ဈေးနှုန်းများ သိသိသာသာမြင့်တက်လျက်ရှိပြီး ပြည်မြို့အနီးတဝိုက်ဖြစ်သော ရွှေတောင်၊ မှော်ဇာ၊ ဝက်ပုတ်ဘက်မှအဝင်ရှိကာ  အစည်းသေး(၁၀)စည်းပါ အစည်းကြီး(၁၀)ပိုင်၊ (၁၅)ပိုင်ခန့်သာအဝင်ရှိသည့်အတွက် အဝင်နည်းနေသည်။ အဝင်နည်းသောကြောင့် ဈေးကြီးမြင့်ရခြင်းဖြစ်ပြီး ဖောက်သည်လက်ကားဈေးတစ်ပိုင်လျှင် ကျပ်၁၈၀၀၊ ကျပ်၂၀၀၀နှုန်းယူရကြောင်းသိရကာ မြို့ပေါ်လက်လီဈေးများတွင် တစ်ပိုင်ကို (၂၃၀၀-၂၅၀၀) ကျပ်နှုန်းဖြင့်ပြန်လည်ရောင်းချ၍ တစ်စည်းလျှင် ကျပ်၃၀၀နှုန်းဖြင့်ရောင်းချမှုရှိနေသည်။ အရောင်းအဝယ်အားဖြင့် ရှားပါးသည့်အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရပြီး ယခင်က တစ်စည်းလျှင် ကျပ်၂၀၀နှုန်းအထိဈေးမြင့်ခဲ့ကာ ယခုဈေးနှင့်နှိုင်းယှဉ်လျှင် ၁၀၀ကျပ်ခန့်ဈေးနှုန်းမြင့်တက်သွားကြောင်းသိရပါသည်။

          ပြည်နံနံပင်ဈေးကွက်အနေဖြင့်လည်း မိုးများ၊ ရေကြီး၊ ရေဝပ်သဖြင့် အထွက်နည်းကာ အဝင်မှာ (၃)ရက်လျှင် တစ်ကြိမ်သာအဝင်ရှိပြီး တစ်ကြိမ်လျှင် ၂ပိဿာခန့်သာအဝင်ရှိနေသည်။ ပြည်မြို့အနီးတဝိုက် မှော်ဇာနှင့် ရွှေတောင်ဘက်မှသာအဝင်ရှိပြီး အနည်းငယ်သာဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းမှာ မြင့်တက်သွားပြီး (၂)ပင်ပါတစ်စည်းလျှင် ကျပ်၂၀၀နှုန်းဖြင့်ရောင်းချလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)