သာယာဝတီမြို့နယ်ဆန်စက်များမှ သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာတတီမြို့နယ်ဆန်စပါးလုပ်ငန်းရှင်များမှ မိမိတို့၏ရပ်ကွက်/ ကျေးရွာအတွင်းရှိ ပြည်သူများအား ဆန်တစ်ပြည်လျှင် (၂၇၀၀/၂၈၀၀/၃၀၀၀) ကျပ်နှုန်းတို့ဖြင့် ဧည့်မထဆန်အမျိုးအစားဖြစ်သော ရက်(၉၀) ဆန်၊ ဆင်းသွယ်လတ်၊ မနောသုခဆန်တို့ကို ဗွီနိုင်းများချိတ်ဆွဲလျက် ပိတ်ရက်မရှိ ဆန်စက်များသို့ လာရောက်ဝယ်ယူနိုင်ပါကြောင်း ကြော်ငြာထားရှိပါသည်။ သာယာဝတီမြို့နယ်တွင် ဆန်စက်(၂၅)စက်နှင့် ဆန်ဆိုင် (၄)ဆိုင်တို့မှ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းနှင့် လိုအပ်ပါက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကူညီ၍ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(ပဲခူး)