ရုံးပတီစိုက်ပျိုး၍ တွက်ခြေကိုက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ရုံးပတီစိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနေပြီးဖြစ်သည့် ရုံးပတီသည် စိုက်ပျိုးစရိတ်အလွန်သက်သာပြီး အပင်သက်တမ်းမှာ စိုက်ပျိုးချိန်မှ (၄၅)ရက်ကြာလျှင် အသီးသီး၍ ထိုမှ ၁၀ရက်ကြာလျှင် စတင်ဆွတ်ခူးနိုင်ပြီး ဝင်ငွေရရှိပြီးဖြစ်သည်။ စိုက်ပေါင်ပြုပြင်၍ မြေကျင်းငယ်များတူးပြီး တကျင်းလျှင် မျိုးစေ့ ၂စေ့မှ ၃စေ့ခန့်ထည့်၍ စိုက်ပျိုးရပါသည်။ စိုက်ပျိုးရန်လွယ်ကူပြီး ကရိကထမများဘဲ အပင်သန်မာလျှင် အသီး ၇တောင့်မှ ၁၀တောင့်အထိသီး၍ ၁၀ရက်တစ်ကြိမ်ဆွတ်ခူးနိုင်ပါသည်။

      ရုံးပတီ ၁ကြိုး(၀.၂၅ဧက)လျှင် အပင်၂၅၀၀အထိစိုက်ပျိုးနိုင်ပါသည်။ ယခုအခါဒေသပေါက်ဈေးအရ ၂၀ကျပ်အထိရှိပြီး ကုန်စည်ဒိုင်ကောက်ဈေးမှာ တစ်တောင့်လျှင် ၁၂ကျပ်မှ ၁၅ကျပ်အထိရရှိနိုင်၍ စိုက်ပျိုးသူများ တွက်ခြေကိုက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)