ငါးပိ၊ ငါးခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့မဈေးကြီးအတွင်း နေ့စဉ် လက်လီ/ လက်ကားရောင်းချလျက်ရှိသော စားသောက်ကုန်များအနက် ငါးပိ၊ ငါးခြောက်များလည်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ယခင်ဇူလိုင်လ စတုတ္ထပတ်ဈေးနှုန်းနှင့်ယှဉ်လျှင် ယခုသြဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ အနည်းငယ်မြင့်တက်လာသော်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသော ကုန်စုံဆိုင်များမှသိရပါသည်။ ဈေးနှုန်းများမှာ ရွှေပုစွန်ခြောက် ရှယ်သန့်တစ်ပိဿာလျှင် ၁၀၀၀၀၀ကျပ်၊ (အလတ်) တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်၊ ပုစွန်ငါးပိတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အသားကြီးခြောက် (အမြှောင်း) တစ်ပိဿာလျှင် ၃၃၀၀၀ကျပ်၊ ငါးတံခွန် ၂၅၀၀၀ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၅၀၀၀၀ကျပ်နှင့် ငါးနီတူတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း မြို့မဈေးကြီးအတွင်း ငါးခြောက်ရောင်းချနေသော ကုန်စုံဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)