အုတ်ဖိုမြို့မဈေးကုန်စည်ဈေးနှုန်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဩဂုတ်လ၊ တတိယအပတ်အတွင်း အုတ်ဖိုမြို့မဈေးကြီးအတွင်း ရောင်းဝယ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ (သေး) တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြစ်ပြီး ကြက်သွန်ဖြူလက်လီဈေးမှာ (ရှမ်းမွှာကြီး) တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ကြူကုတ် (လတ်)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငရုတ်ပွတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ အာလူး(သန့်)တစ်ပိဿာလျှင် ၅၀၀၀ကျပ်တို့ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိပြီး ယခင်ဇူလိုင်လထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

         ပဲဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်ပိဿာလျှင် ၉၅၀၀ကျပ်နှင့် ကုလားပဲခြမ်းစိမ်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ပုံမှန်ဈေးအတိုင်း ရောင်းဝယ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)