သာယာဝတီခရိုင်၏ မြက်တံမြက်စည်းလုပ်ငန်း

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြက်တံမြက်စည်းလုပ်ငန်းကို လုပ်သားအင်အား ကျား/မ (၈)ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မရှိမဖြစ် အိမ်သုံးပစ္စည်းဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြက်တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်းမြက်ကို သာယာဝတီမြို့နယ်၊ တောင်ညိုတောင်ပေါ်ကျေးရွာများမှ ရရှိပြီး မြက်(၂၀)ကျပ်သားခန့်ကို အလုံးကလေးရှစ်လုံးခန့်လုံးရပါသည်။ ပြီးလျှင် ဆယ်ပင်ချည်ကြိုးဖြင့် ခိုင်ခန့်စွာတွဲ၍ ချည်နှောင်ကာ ၂၄လက်မခန့် ဆယ်ပင်ချည်ကြိုးဖြင့်ပါတ်ပြီးမှသာ လက်ကိုင်အစွပ်စွပ်ပါသည်။ တံမြက်စည်းကို မြက်သားကျွတ်မထွက်စေရန် ချုပ်သား(၃) ကြောင်း၊ နိုင်လွန်ကြိုးဖြင့်ချည်နှောင်ကာ တံမြက်စည်းထိပ်သားများညီညာစေရန် ကတ်ကြေးဖြင့်ဖြတ်ရပါသည်။ ထို့နောက် ပလတ်စတစ်ဖြင့် မြက်သားစွပ်ပြီး တံဆိပ်ကပ်ရပါသည်။ ပြီးလျှင် (၁၀)ချောင်းကို တစ်တွဲ တွဲရပါသည်။ ပီနံအိတ်တစ်အိတ်လျှင် (၁၀)ချောင်းစီတွဲထပ်ကာ ထုပ်ပိုး၍ရောင်းချပါသည်။ တံမြက်စည်းများကို မြို့နယ်တွင်ရောင်းချရုံသာမက ရန်ကုန်မြို့သို့တင်ပို့လျက်  ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ ကိုယ်စားလှယ်မှတစ်ဆင့် စာချုပ်ချုပ်ဆိုကာ တင်ပို့ရောင်းချလျက်ရရှိကြောင်းလည်းသိရှိရပါသည်။

DOCA(ပဲခူး)