မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် အခြားပြည်နယ်များမှဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့တွင် ပြည့်ဖြိုးအောင်(၉)ရေယာဉ်တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀)တို့အားသယ်ယူလာခဲ့ပြီး မြိတ်မြို့သို့ (၁၈-၈-၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ဆန်တင်ဆောင်လာသော ရေယာဉ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀) တို့အားစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)