ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီ‌ရောင်းချမှုအခြေအနေ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ပုံမှန်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှာ (၁၂-၈-၂၀၂၄) ရက်နေ့မှစ၍ စက်သုံးဆီ (၄)မျိုးအား အပြည့်အဝရောင်းချပေးနိုင်မှု လျော့နည်းမှုများဖြစ်ပေါ်ခဲ့သည့်အတွက် စိစစ်မှုများဆောင်ရွက်ခဲ့ရာ စက်သုံးဆီပြတ်လပ်ခဲ့မှုများမှာ ပြည်ပမှ စက်သုံးဆီမှာယူတင်သွင်းသူ၏  ‌ဒေါ်လာအခက်အခဲကြောင့်လည်းကောင်း၊ ထုတ်ယူရမည့် Terminal များမှ ခွင့်ပြုချက်များအပေါ် အဆင့်ဆင့်စောင့်ဆိုင်းထုတ်နေရခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်များ ခေတ္တဆီပြတ်လပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် (၁၈-၈-၂၀၂၄) ရက်နေ့နှင့် (၁၉-၈-၂၀၂၄) ရက်နေ့တို့တွင် စက်သုံးဆီဆိုင်တချို့မှာ ဆီကားများပုံမှန်ပြန်လည်ရောက်ရှိ၍ ဆီဆိုင်များပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း စက်သုံးဆီရောင်းချသည့်ဆိုင် တာဝန်ရှိသူများထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)