
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ကုလားပဲ ဟော်လန်(၁)တင်းလျှင် ကျပ်(၉၉၀၀၀)၊ မတ်ပဲ(၁) တင်းလျှင် ကျပ်(၁၁၆၀၀၀)၊ ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၁၄၆၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်ပဲဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဩဂုတ်လ(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကုလားပဲ(929) ကျပ်(၁၇၀၀၀)၊ ကုလားပဲ ဟော်လန် ကျပ်(၁၇၀၀၀)၊ မတ်ပဲ ကျပ်(၉၀၀၀)၊ ပဲစဉ်းငုံနီ ကျပ်(၆၀၀၀) ဈေးမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ ပဲတီစိမ်း အိတ်(၁၀၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲအိတ်(၁၅၀၀)၊ မြေပဲအိတ်(၁၀၀၀)၊ စုစုပေါင်း အိတ်ရေ(၃၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၅၁၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)