စီးပွားဖြစ်နေသည့် ထားဝယ်အိုးကလေးဒိန်ချဥ်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အခြားတိုင်း/ပြည်နယ်များနှင့်မတူဘဲ ဒိန်ချဉ်ကို မြေအိုးထဲတွင်ထည့်၍ အသင့်သောက်သုံးရန်ရောင်းချပေးနေသော ထားဝယ်အိုးကလေး ဒိန်ချဥ်အကြောင်းအား တင်ပြလိုက်ပါသည်။

     ဒိန်ချဥ်သည် လူမျိုးမရွေး၊ ဘာသာမရွေး သောက်သုံးနိုင်ပြီး လူအများကြိုက်နှစ်သက်သော အစားအသောက်ဖြစ်ပါသည်။ထားဝယ်  အိုးကလေးဒိန်ချဥ်အတွက် လိုအပ်သော နွားနို့များကို ထားဝယ်မြို့အနီးကျေးရွာများရှိ နို့စားနွားမွေးမြူရေးခြံများမှဝယ်ယူပြီး အချဥ်ဖောက်၍ရရှိလာသော ဒိန်ချဥ်များကို မြေအိုးကလေးများတွင်ထည့်၍  အသင့်သောက်သုံးနိုင်ရန် စိတ်ကူးဉာဏ် ထီတွင်၍ ရောင်းချပေးလျှက်ရှိပါသည်။ အဆိုပါအိုးကလေးဒိန်ချဉ်ကို တစ်အိုးလျှင် ၂၅၀၀ကျပ် နှုန်းဖြင့်ရောင်းချနေပြီး အမြင်ဆန်း၊ အရသာကောင်းမွန်သဖြင့် ထားဝယ်မြို့တွင်သာမက အနီးပတ်ဝန်းကျင် မြို့ရွာများကပါ လာရောက်၍ ဝယ်ယူသောက်သုံးမှုများပြားကြောင်း သိရှိရပါသည်။မိုးရာသီတွင် နွားနို့ရရှိမှုနည်းသဖြင့် ဒိန်ချဉ်ပြုလုပ်ရန် နွားနို့လုံလောက်စွာ မရရှိ၍ အနည်းငယ်သာ ရောင်းဝယ်နိုင်သော်လည်း နွားနို့အရများသည့် နွေ၊ ဆောင်း ပွင့်လင်းရာသီ များတွင် အိုးကလေးဒိန်ချဉ်အနေဖြင့် တစ်နေ့အိုး ၁၀၀ အထက်  အရောင်းအဝယ်ဖြစ်နေသဖြင့် ထားဝယ်မြို့အိုးကလေးဒိန်ချဉ်သည် ဒေသထွက်ကုန် ဒိန်ချဉ်အား စတိုင်လ်အသစ်ဖြင့် လူအများ စိတ်ဝင်စားအောင် ရောင်းချလျက်ရှိပါပြီး စီးပွားဖြစ်လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

DOCA(တနင်္သာရီ)