အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ အများဆုံး မှာယူရောင်းချကြောင်း သိရသည်။

      မင်းလှမြို့နယ်၌ ယခုအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှဝင်ရောက်လာသော ခရမ်းချဉ်သီးများအပြင် တောင်တွင်းကြီးမြို့မှ ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာသောကြောင့် ဈေးနှုန်းမှာ ဆက်လက်ကျဆင်းနေပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် အလုံးကြီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်(ဒုတိယပတ်)နှင့်နှိုင်းယှဉ်လျှင် ကျပ်(၄၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရပါသည်။ 

DOCA(မကွေး)