လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော ဆီများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၄ရက်နေ့၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားရှိသည့် "စားအုန်းဆီဈေးတက်၍ ဈေးကွက်ထဲရောက်လာသည့် ကြောက်စရာဆီတွေ" ခေါင်းစဉ်နှင့် ရေးသားထားမှုအပေါ် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်းချက်မှုအရ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၈-၈-၂၀၂၄) ရက်နေ့တွင် မုံရွာမြို့ ပေါ်ရှိ စားသုံးဆီဆိုင်များ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လဖက်ရည်ဆိုင်များ၊ အကြော်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးဆီအရောင်းဆိုင်များအနေဖြင့် ဈေးကွက်အတွင်း ကုမ္ပဏီများမှခွဲတမ်းရရှိသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လဖက်ရည်ဆိုင်များ၊ အကြော်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမေးမြန်းရာ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြပါရှိသည့် အသုံးပြုပြီးထားသော ဆီများကိုရောင်းချခြင်း၊ ဝယ်ယူအသုံးပြုခြင်းမရှိသည်ကို စိစစ်တွေ့ရှိခဲ့ကြောင့်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)