သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၁၄) ရက်နေ့မှ ဩဂုတ်လ (၁၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ချောင်းဦးမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ဝမ်းတွင်း၊ သဲတောမှ ဖရဲသီး(ရိုးရိုး) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၀၊ သီပေါမြို့ မှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ တောင်ကြီးမှ နဂါးမောက်သီးတစ်ဖာလျှင် အလုံးကြီး ကျပ်၂၀၀၀၀၊ အလုံးလတ် ကျပ်၁၈၀၀၀၊ အလုံးသေး ကျပ်၁၃၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ ကလောမှ ပန်းသီး စက္ကူပုံးတစ်ပုံးလျှင် အလုံးကြီး ကျပ်၄၃၀၀၀၊ အလုံးသေး ကျပ်၃၆၀၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ ရှမ်းပြည်မှ သရက်သီး (ရင်ကွဲ) အလုံးကြီး(၆၀) လုံးပါ တစ်ခြင်းလျှင်  ကျပ်၃၀၀၀၀၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ်၂၅၀၀၀၊ အလုံးသေးတစ်ခြင်းလျှင် ကျပ်၂၀၀၀၀၊ ကလော၊ အောင်ပန်းမှ သစ်တော်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)