
မော်လမြိုင်မြို့တွင် ယခင် (ဇူလိုင်လ)က ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းနှင့် ယခုလ ဩဂုတ်လ(တတိယပတ်)၌ ဖြစ်ပေါ်လျက်ရှိသော ပဲဈေးနှုန်းများမှာ သိသိသာသာ ဈေးနှုန်းမြင့်တက်လာပါသည်။ အဆိုပါ ပဲမျိုးစုံဖြစ်သော ပဲတီစိမ်း (ရွှေဝါ)၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်းဖြူ။ ဘိုကိတ်၊ ပဲပုပ်၊ မြေပဲတို့ဖြစ်ပါသည်။ ၎င်းပဲအမျိုးအစားများ၏ ဈေးနှုန်းမြင့် တက်လာမှု အခြေအနေမှာ ၂၀ ပိဿာ (တစ်တင်း)လျှင် ကျပ် ၃၀၀၀ခန့်မှ ကျပ် ၂၀၀၀၀ ဝန်းကျင်ခန့်သို့ ဈေးနှုန်းမြှင့်တက်မှုတွေ့ရှိရပါသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၃၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၂၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၁၆၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၉၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၈၃၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၁၃၂၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၆၈၀၀၀ ဈေးနှုန်းဖြစ်ပေါ်နေသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၀၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၆၈၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၀၈၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၃၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၇၈၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၉၀၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၄၅၀၀၀ ဈေးနှုန်းဖြစ်ပေါ်နေသည်။
DOCA(မွန်)