တိုင်းရင်းဆေးများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       အသက်အရွယ်ကြီးမားသည့် လူကြီးများနှင့်ကလေးသူငယ် အများဆုံးအသုံးပြုသော ဆေးဝါးဖြစ်သည့်အတွက် ဘေးအန္တရာယ်မရှိစေရန် မရမ်းကုန်းမြို့နယ်၊ မြဂန္ဓမာဈေးနှင့် မြရတနာဈေးတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ မြဂန္ဓမာဈေးရှိ ဦးသိန်းဆိုင်ဆေးဆိုင်တွင် မှန်ချိုသလိပ်ပျော်အသံကောင်းဆေးနှင့် ချောင်းဆိုးပျောက်ဆေး၊ ရုပ်ပျိုအာရုံကြောအားတိုးဆေးပြား၊ မြတ်သုခအဆီကျဆေး၊ ဆန္ဒမွန် ဆီးဝမ်းလေမှန် အကြောပြေမျက်စိကြည်ဆေး၊ စင်္ကြာမင်း အရိုးကျီးပေါင်းဆေး၊ ရွှေသမင် အရိုးကျီးပေါင်းဆေး၊ ဆရာခို အနာလိမ်းဆေး၊ မဟာဖြေဆေး၊ နန်းတွင်း ဆီး၊ ဝမ်း၊ သွေး၊ လေညီညွတ်ဆေး၊ လူပျံတော်ပတ္တမြား နှလုံးအထူးအားဆေးတို့အားစစ်ဆေးခဲ့ပြီး မြရတနာဈေး အတွင်းရှိ အေသင်ဆေးဆိုင်တွင် ခိုင်သစ္စာ အစာအိမ်ရောဂါပျောက်ဆေး၊ အဝေရာ နှလုံးအားတိုးဆေး၊ ဖြူစင်မေတ္တာ နှလုံးဆေး၊ ဆရာဦးစိန်ခို ကလေးလေဆေးရည်၊ ဖျံ ၅ကောင် ဆီးချိုသွေးချိုကျဆေး၊ မာဃ အစာဖျက်အဆိပ်ဖြေဆေး၊ စေတလုံး မျက်စိအားဆေး၊ဂုဏ်ရည် လေးဖက်နာသောက်ဆေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည် ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)