Arome ဆီစက်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကိုအားပေးမြှင့်တင်၍ ပန်းတိုင်ရည်မှန်ချက်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်တွင်း၌ စားသုံးဆီဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည့်အထိ ကြိုးပမ်းနိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ပြည်တွင်း၌ ကြိတ်ခွဲလျက်ရှိသည့် ဆီထွက်သီးနှံတို့၏အခြေအနေကိုသိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြောက်ဒဂုံမြို့နယ်၊ (၄၅) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၃၉) ရှိ Arome  ဆီစက်လုပ်ငန်းအား ၁၄-၈-၂၀၂၄ ရက်နေ့တွင် ဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေတို့ကို သွားရောက်မေးမြန်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)