ဟင်္သာတမြို့ ပဒေသာဈေးအတွင်းရှိ စားသုံးဆီ ဆိုင်များအားကွင်းဆင်းအသိပညာပေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပဒေသာဈေး၌ မတ်လ (၁၈.၃.၂၀၂၂) နေ့ နံက် (၉:၀၀) တွင် ဈေးအတွင်း ဖြန့်ဖြူးရောင်းချနေသာ ဟင်းသီးဟင်းရွက်ဆီ ( Vegetale Oil,Cooking Oil)များကို ကွင်းဆင်းစီစစ်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဟင်းသီးဟင်းရွက်ဆီ ( Vegetale Oil,Cooking Oil)၏ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊(ဉပမာ-ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)စသည်ဖြင့်ဖော်ပြနိုင်ရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားသော ဟင်းသီးဟင်းရွက်ဆီများကိုသာ ရောင်းချဖြန့်ဖြူးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် ၁/၂၀၂၁ အား လုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရေးအတွက် ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင် (၆) ဆိုင်အား တဆိုင်ချင်း ကွင်းဆင်းဆွေးနွေးအသိပညာပေးခဲ့ပြီး ညွှန်ကြားချက် ၁/၂၀၂၁ နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)