စက်မှုကုန်ကြမ်းသုံးဆီထုတ်ပေးမှုအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအား စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအတွက် သင့်တင့်မျှတသောဈေးနှုန်းဖြင့်ဝယ်ယူ၍ ပြည်တွင်းစက်မှုနှင့်စားသောက်ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးရည်ရွယ်ကာ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်လက်အောက်ရှိ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်ငန်းရှင်များအသင်းတို့၏အစီအစဉ်ဖြင့် ကြည်မြင့်တိုင်မြို့နယ်၊ KIP ဆီကန်မှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ခွဲဝေဖြန့်ဖြူးထုတ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အများဆုံးလာရောက်ထုတ်ယူလျက်ရှိရာ ထုတ်ယူသည့်အရေအတွက်နှင့် အလေးချိန်မှန်ကန်မှုရှိစေရေးကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ကျဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)