အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၁၉-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စက်သုံးဆီများဝယ်ယူမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူစရိတ်၊ အခြားအထွေထွေကုန်ကျစရိတ်များပေါင်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချကြရန်၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊  LED ဘုတ်တွင်ကြေညာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)