သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်နည်းပညာအဆင့်မြင့်သင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများအား သင်တန်းပို့ချခြင်းဆောင်ရွက်

Powered by Drupal

     စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး(ဦးစီးအရာရှိ)၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၉-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍  ဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့သွားရောက်၍ သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခဲ့ပါသည်။

         အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး(ဦးစီးအရာရှိ)နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အကြောင်းအရာအချက်အလက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)