စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်တို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ဆွာဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ၌ တားမြစ်ဓာတုဆေးဝါးများပါဝင်မှုရှိ/မရှိနှင့် သက်တမ်းလွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ရောင်းချလျက်ရှိသော ဆေးဝါးများတွင် သက်တမ်းလွန်/ မလွန်နှင့် တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိကိုလည်းကောင်း ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆွာတိုက်နယ်ဆေးရုံမှ ဒေါက်တာပွင့်ဦး၊ ဇွန်ဝေလှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆွာဈေးတာဝန်ခံ ဦးဗညားထွန်းတို့ဦးဆောင်သောဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်းသိရပါသည်။
DOCA(ပဲခူး)