တောင်ငူမြို့ အာလူး၊ မြေပဲနှင့် ကုလားပဲများ ဈေးတက်

Powered by Drupal

      တောင်ငူမြို့တွင် အာလူးမှာ ယခင်က တစ်ပိဿာလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၅၀၀ကျပ်နှင့် အကြီး ၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုသြဂုတ်လ၊ တတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၈၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၄၅၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာပါသည်။

   မြေပဲဆန်(အဖြူ)မှာ ယခင်လတွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုသြဂုတ်လ၊ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဈေးတက်ပါသည်။ မြေပဲဆန် (အနီ)မှာ ယခင်လတွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုသြဂုတ်လ၊ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာပါသည်။

         ကုလားပဲခြမ်းမှာ ယခင်လတွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ရှိခဲ့ရာမှ သြဂုတ်လ၊ တတိယအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၃၀၀ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)