ဘားအံမြို့ ပေါ်ဈေးများရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ မိုးရာသီ ဩဂုတ်လ တတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်အတွင်း ကုန်စိမ်းသီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်နေသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိသည်။

    ဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿာလျှင် (၂၈၀၀၊၃၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ လျှင် (၃၀၀၀၊၃၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀၊၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၂၅၀၀၊၃၀၀၀)ကျပ်၊ လွှတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊   ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ပဲတောင့်ရှည်အစည်းသေး (၁၅၀၀)ကျပ်၊ (ငရုတ်စိမ်းထောင့်ရှည်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကင်းပွန်းချဉ်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ တို့ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။

    ကရင်ပြည်နယ်ဒေသအတွင်း ယခုလို ဈေးနှုန်းအနည်းငယ်မြင့်တက်နေရခြင်းမှာ ယခင်လက ကရင်ပြည်နယ်အတွင်း ရေကြီး၊ ရေလျှံမှုများဖြစ်ခဲ့သောကြောင့် သီးနှံစိုက်ခင်းများပျက်စီးခဲ့ကာ အထွက်နှုန်းလျှော့ကျခဲ့ခြင်းနှင့် အခြားဒေသမှဝင်ရောက်လာသောသီးနှံများမှာလည်း သယ်ယူစရိတ် အနည်းငယ်မြင့်တက်လာခြင်းတို့ကြောင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)