ပေါက်ခေါင်းမြို့နယ်၏ ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

      ပေါက်ခေါင်းမြို့နယ်၊ ငါးဘတ်ကုန်းအုပ်စုတွင် ဒေသမျိုးခရမ်းချဉ်သီးများစိုက်ပျိုးထားရှိပြီး ယခုအချိန်ဖြစ်သော မိုးရာသီတွင် ထွက်ပေါ်လာသဖြင့် နယ်မြို့များနှင့် ပေါက်ခေါင်းမြို့ရှိဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ မိုးရာသီတွင်ထွက်ပေါ်သော ခရမ်းချဉ်သီးများဖြစ်သော်လည်း ထွက်ရှိမှုလှိုင်သဖြင့် ဈေးများမြင့်တက်မှုမရှိဘဲ စားသုံးသူများဝယ်ယူစားသုံးနိုင်သော ဈေးဖြစ်ကြောင်းသိရပါသည်။ ခရမ်းချဉ်သီးကို သြဂုတ်လ၊ တတိယအပတ်တွင် ရောင်းချသောဈေးနှုန်းများမှာ ဖောက်သည်ဈေးတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိရောင်းချပြီး လက်လီရောင်းချသောဈေးမှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရောင်းချကြောင်းသိရပါသည်။ ယခုအချိန်တွင် ခရမ်းချဉ်သီးများလှိုင်လှိုင်ထွက်ရှိသဖြင့် ဈေးနှုန်းမှာ ယခင်ဇူလိုင်လထက်စာလျှင် ဈေးနှုန်းများပြန်လည်ကျဆင်းလာကြောင်းသိရပါသည်။

DOCA(ပဲခူး)