ကြို့ပင်ကောက်မြို့ရှိ ကော်ဖီစိုက်တောင်သူများအား ကော်ဖီပျိုးပင်များဖြန့်ဖြူးပေးအပ်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် လယ်ချောင်းတောင်သူပညာပေးစခန်းတွင် ကော်ဖီစိုက်တောင်သူများအား ကော်ဖီပျိုးပင်များဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို   (၁၆-၈-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

          မြေပြန့်ကော်ဖီရိုဘက်စတာမျိုး ပျိုးပင်၆၀၀ကို တစ်ဧကလျှင် ပျိုးပင်၁၅၀နှုန်း သီးညှပ်စိုက်ပျိုးတောင်သူလေးဦးအား အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ဒေသအတွင်းစိုက်ပျိုးသီးနှံမျိုးအသစ်စတင်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကော်ဖီစိုက်တောင်သူများတိုးပွားလာပြီး ကော်ဖီစိုက်ဧက (၂၆)ဧကအား လျာထားချက်အတိုင်း အောင်မြင်အောင်ထပ်မံတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လာမည်နှစ်စိုက်ပျိုးရာသီတွင်လည်း ပျိုးပင်များဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးထံမှသိရှိရပါသည်။

          ကော်ဖီပျိုးပင်ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး ကော်ဖီစိုက်ပျိုးနည်းများကို လေ့လာခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)