ကယားပြည်နယ် ဘိလပ်မြေဈေးနှုန်း ထပ်မံမြှင့်တက်

Powered by Drupal

               ကယားပြည်နယ်တွင် တည်ဆောက်ရေးလုပ်ငန်း ပြန်လည်စတင်လာကြသဖြင့် ယခုမတ်လ တတိယပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၈၂၀၀)ကျပ် နှင့် နဂါးဘိလပ်မြေ တစ်အိတ်လျှင်(၈၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် မတ်လ ဒုတိယပတ်အတွင်း ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင်(၇၇၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၇၈၀၀)ကျပ်နှင့် နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၇၈၀၀)ကျပ် တို့ဖြင့်သာရှိခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ ဘိလပ်မြေတစ်အိတ်လျှင် (၄၀၀)ကျပ်နှင့် အာပါချီဘိလပ်မြေ တစ်အိတ်လျှင် (၄၀၀)ကျပ် နှင့် နဂါးဘိလပ်မြေ တစ်အိတ်လျှင်(၄၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် သယ်ယူစရိတ်ကြီးမြင့်လာခြင်းကြောင့်ဖြစ်သည်ဟု  အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါတယ်။

DOCA(ကယား)