၂၀၂၄ခုနှစ်၊ ဩဂုတ်လ တတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

       ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုအပတ်ပြောင်းဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး (၁၅၅၀) ကျပ်ဖြင့် ဈေးရှိနေပြီး လက်ကျန်နည်းပါးလာ၍ စီးဆင်းမှုလျော့နည်းခဲ့ပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁-၁၀၅၀၀ကျပ်၊ ထူး၂-၁၁၀၀၀ကျပ်၊ ထူး၃- ၁၁၅၀၀ကျပ်၊ ထူး၄-၁၂၀၀၀ကျပ်၊ ထူး၅-၁၂၅၀၀ကျပ်နှင့် ဥတစ်လုံးအလတ်ဆိုဒ်မှာ ၂၂၀၀၀ကျပ်ဈေးရှိနေကြပြီး ဈေးကွက်ဝင်ရောက်မှုနည်းကာ ပြည်တွင်းအသုံးများ၍ သယ်ယူစရိတ်မြင့်မားလာမှုကြောင့်  ဈေးမြင့်တက်လာပြီး စီးဆင်းမှုမှာ ယခင်အပတ်တိုင်းပုံမှန်ဖြစ်နေပါသည်။

        အာလူးသီးနှံမှာ မျက်နီ S2 -၄၀၀၀ကျပ်၊ S1 -၃၈၀၀ကျပ်၊ OK -၃၀၀၀ကျပ်၊ ဆွဲသီး ၂၅၀၀ကျပ်နှင့် ဂေါ်လီဆိုဒ်မှာ ၁၀၀၀ကျပ်ဈေးပေါက်နေကြပြီး အဝင်များသဖြင့် အရောင်းသွက်ကာ ဈေးအနည်းငယ်မြင့်တက်လာပြီး စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

       ချင်းသီးနှံမှာ ချင်းဥမမြေနီအကြီးစတစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် အလတ်စမှာ (၃၅၀၀) ကျပ်ဈေးရှိနေကြပြီး ပြည်တွင်းအသုံးများကာ အဝင်ပုံမှန်ရှိသဖြင့် ဈေးအနည်းငယ်မြင့်တက်လာပါသည်။

      ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၁၀၀၀-၁၂၀၀) ကျပ်၊ ပန်းမုံလာ (၈၀၀-၁၀၀၀) ကျပ်၊ ခရမ်းချဉ်ဂွတ် ရှယ်သီး ၁၅၀၀ကျပ်နှင့် အသေးဆုံးသီး ၈၀၀ကျပ်၊ ဘိုစားပဲ ၂၅၀၀ကျပ်၊ မုန်လာဥနီ (၃၀၀၀-၃၅၀၀) ကျပ်၊ ဖရုံသီး ၁၀၀၀ကျပ်၊ ရွှေပဲ (၆၅၀၀-၇၅၀၀) ကျပ်၊ ငြုပ်ပွ (၃၇၀၀-၄၀၀၀) ကျပ်၊ ခရမ်းသီး (၁၈၀၀- ၂၀၀၀) ကျပ်၊ မုန်ညှင်း (၁၀၀၀-၁၂၀၀) ကျပ်အသီးသီးဈေးပေါက်နေကြပြီး ခရမ်းချဉ်နှင့် ဘိုစားသီးနှံတို့မှာ ဈေးကွက်ဝင်ရောက်မှုများသဖြင့် သိသိသာသာဈေးကျဆင်းသွားပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ရာသီဥတုဒဏ်ကြောင့် ဈေးကွက်အဝင်နည်း၍ ဈေးမြင့်တက်လာပြီး လမ်းပန်းဆက်သွယ်မှုကောင်းသည့် ဒေသများသို့သာတင်ပို့ကြသဖြင့် စီးဆင်းမှုမှာ အနည်းငယ်လျော့နည်းသွားကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)