မင်းလှမြို့နယ်ထွက် ကီလိုမာလကာသီးများ ဈေးကောင်းလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း ဥယျာဉ်ခြံများနှင့် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြောင်းသိရသည်။

     မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ပန်းတောပြင်ကျေးရွာတွင်နေထိုင်သည့် တောင်သူ ဦးသန်းထိုက်က ၎င်းအနေဖြင့် ကီလိုမာလကာမျိုးကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ကိုင်းကူးမျိုး(၁)ပင်လျှင် ကျပ်(၂၅၀၀)ဖြင့် ကျောက်ပန်းတောင်းမြို့မှဝယ်ယူကာ ပျိုးပင် (၂၀)ဖြင့်စတင်စိုက်ပျိုးခဲ့ရာ ကိုင်းကူးခြင်းဖြင့် ယခု၂၀၂၄ခုနှစ်တွင် အပင်ရေ(၃၀၀)ကျော်၊ (၁)ဧကခန့်နီးပါးရှိပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် စတင်စိုက်ပျိုးသည့်နှစ်တွင်  အပင်မျိုးဖိုးနှင့် ရေသွင်းခအပါအဝင် ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊  ခူးဆွတ်ချိန်တွင် လုပ်အားခ၊ ပေါင်းရှင်းခနှင့် အခြားသွင်းအားစုစရိတ်အတွက် ကုန်ကျစရိတ်များလည်းရှိကြောင်း၊ စိုက်ပျိုးရာတွင် ကိုင်းကူးကီလိုမာလကာပင်ကို (၁)လခွဲခန့်ပျိုးထားရကြောင်း၊ ထို့နောက် နွားချေး(၅)ဆနှင့် မြေကြီး(၅) ဆထပ်တူရောစပ်၍ မြေသို့ချကာ စိုက်ပျိုးကြောင်း၊ မြေသို့ချစိုက်ပြီး ထပ်မံအချိန်(၁) လခွဲခန့်အကြာတွင် အသီးများစတင်သီးလာပြီး အသီးဝင်ချိန်မှစ၍ အချိန်(၁)လခွဲမှ (၂)လကြာသည်အထိ အသီးများခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ ကိုင်းကူးမာလကာပင်မှာ သက်တမ်းကြာလေ အသီးထွက်အားပိုကောင်းလေဖြစ်ပြီး စတင်စိုက်ပျိုးသည့်နှစ်တွင် အလုံးရေ(၁၀၀)ကျော်သာထွက်ရှိခဲ့သော်လည်း ယခု၂၀၂၄ခုနှစ်တွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ အလုံးရေ (၃၀၀၀မှ ၄၀၀၀)ကြားထိသီးကြောင်း၊ မာလကာပင်မှာ နှစ်ရှည်သီးပင်ဖြစ်သောကြောင့် အခြားအပင်စိုက်ပျိုးမှုထက် သွင်းအားစုကုန်ကျစရိတ်မှာ နည်းပါးကြောင်း၊ စိုက်ပျိုးနည်းစနစ်ပုံပေါ်မူတည်၍ တစ်နှစ်လျှင် အသီးသီးချိန် (၃)ကြိမ်မှ (၄)ကြိမ်ထိထွက်ရှိကြောင်း၊ အသီးခူးဆွတ်ချိန်တွင် (၁)ရက်ခြားလျှင် (၁)ကြိမ် (သို့မဟုတ်) တစ်ပတ်လျှင် (၁)ကြိမ် အလုံးရေ(၁၀၀မှ ၂၀၀)ထိခူးဆွတ်နိုင်ကြောင်း၊ ကီလိုမာလကာသီးခြံများ လှိုင်လှိုင်ထွက်ရှိသည့် မေလနှင့်ဇွန်လအချိန်တွင် (၁)လုံးလျှင် အကြီးအသေးပေါ်မှုတည်၍ လက်ကားဈေး ကျပ်(၄၀၀-၅၀၀)ထိရရှိပြီး အထွက်နှုန်းနည်းသည့် ယခုဩဂုတ်လတွင် ကျပ်(၆၀၀-၇၀၀)ထိဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ဈေးနှင့် မင်းလှ-မလွန်-သရက်ကားလမ်းဘေးရှိ သစ်သီးရောင်းချသည့်ဆိုင်များသို့ တင်သွင်းရောင်းချကြောင်းသိရပါသည်။

DOCA(မကွေး)