ဆိပ်ဖြူမြို့တွင်ဖြစ်ပေါ်နေသော မန်ကျည်းမှည့်ဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်ရှိပြီး မန်ကျည်းပင်နှင့် ဆီးပင်များ ပေါများစွာပေါက်ရောက်ရာဒေသဖြစ်၍ မန်ကျည်းဈေးကွက်သို့ နှစ်စဉ် မန်ကျည်းကုန်ချိန်ပိဿာ(၃)သိန်းခန့်ဝင်ရောက်ပြီး မန်ကျည်းမှည့်များလည်း ဈေးကွက်၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)မှစ၍ မန်ကျည်းမှည့်ဈေးများ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (တတိယပတ်)တွင် မန်ကျည်းသား (အစေ့လွတ်)တစ်ပိဿာလျှင် လက်ကားဈေး ကျပ် (၆၅၀၀)၊ လက်လီဈေး ကျပ်(၈၀၀၀)၊ မန်ကျည်းလုံးတည်း(အစေ့ပါ)တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ဖြစ်ပြီး ယခင်ဩဂုတ်လ(ပထမပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မန်ကျည်းအသားတစ်ပိဿာလျှင် ကျပ် (၁၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းစားသုံးမှုမြင့်တက်လာခြင်းကြောင့် ဈေးနှုန်းမြင့်တက်ရကြောင်း ဈေးကွက်မှသိရှိရပါသည်။

        ဆိပ်ဖြူဈေးကွက်ရှိ မန်ကျည်းမှည့်များကို မြို့ပေါ်ရှိ မန်ကျည်းသိုလှောင်သမားများက အကြော်ဆိုင်၊ အကင်ဆိုင်၊ အသုပ်ဆိုင်များ၊ ဒေသတွင်းမန်ကျည်းပလိပ်၊ မန်ကျည်းလုံးထုတ်လုပ်ရောင်းချသူများနှင့် ဖျော်ရည်သောက်သုံးသူများက ဝယ်ယူမှုများပြီး လက်ကားရောင်းချမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့သို့ တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)