ပခုက္ကူမြို့ပေါ်တွင် ကြက်သွန်နီဈေးနှုန်းများကျဆင်းနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်းစိုက်ပင်စိုက်ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ပခုက္ကူမြို့နယ်ကြက်သွန်နီစိုက်ပျိုးရာဒေသများသာမက အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရှိရပါသည်။  ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ ယောစ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀)ဖြစ်ပြီး၊ ပုလဲစ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀)ဖြစ်ပြီး ယခုဩဂုတ်လ (တတိယပတ်) တွင် ယောစ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀)၊ ပုလဲထိပ်စတစ်ပိဿာလျှင် ကျပ် (၁၈၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြစ်၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့်ကျနေသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ 

        မြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀)ဈေးတို့ဖြင့်ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော နေ့စဉ်ကုန်ချိန်မှာ တစ်နေ့လျှင် ကုန်ချိန်(၁၅၀၀၀မှ ၆၀၀၀၀)ထိအရောင်းအဝယ်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်နှင့် မော်လမြိုင်မြို့များသို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)