![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/26.26_0.jpg?itok=ZpVrAyGf)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင် ကြက်ဟင်းခါးသီးကို စိုက်ပျိုးရောင်းချကြပါသည်။ ကြက်ဟင်းခါးသီးကို မိမိတို့ မြေကွက်များနှင့်အိမ်ခြံဝင်းများအတွင်းတွင် စင်ထိုးစိုက်ပျိုးခြင်းနှင့် မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးသီး မျိုးများမှာ(၂)မျိုးရှိပြီး ကြက်ဟင်းခါးသီး(ထိုင်ဝမ်)နှင့် ကြက်ဟင်းခါးသီး (ဗမာ (ခေါ်) စည်းကြားသီး) ဟူ၍ နှစ်မျိုးရှိပြီး ကြက်ဟင်းခါးသီးကို ကန့်ဘလူမြို့ နယ်အတွင်း ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များက မိုးမလင်းဈေးသို့ လာရောက်ရောင်းချကြသူများထံမှ ဖောက်သည်ယူ၍ ရောင်းချရကြောင်း သိရ သည်။
ကြက်ဟင်းခါးသီးကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် ကြော်/ချက်၍ စားနိုင်သလို ကြက်ဟင်းခါးသီးနှင့် မျှစ်ရောကြော်ခြင်း၊ ကြက်ဟင်းခါးသီးနှင့်ပဲတောင့်ရှည်ရောကြော်ခြင်း၊ ကြက်ဟင်းခါးသီးနှင့်ခဆော့သီးရောကြော်ခြင်း၊ ကြက်ဟင်းခါးသီးကိုမီးဖုတ်ပြီး ငရုပ်သီးထောင်းစားခြင်း ကြက်ဟင်းခါးသီး နှင့်မျှစ်သို့ရောချက်စားခြင်း စသည်တို့ကို ကြော်/ချက်စားခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ကြက်ဟင်းခါးသီး၏ ကျန်းမာရေးအကျိုးအာနိသင်များဖြစ်သည့် သွေးတွင်းမကောင်းသော အဆီ ဓာတ်များကို လျော့ချပေးခြင်း၊ ကင်ဆာဆဲလ်များပွားခြင်းကိုလျော့ချပေးခြင်း၊ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်းနှင့် အမြင်အာရုံကိုကောင်းမွန်စေခြင်း စသည့်အကျိုးအာနိသင်များရှိသလို ကြက်ဟင်းခါးသီးရဲ့ ဆိုးကျိုးများမှာလည်း ကိုယ်ဝန်ဆောင်မိခင်များ မစားသုံးသင့်ကြောင်း၊ ဆေးအာနိသင်ကိုအနှောက်အယှက်ဖြစ်စေခြင်း၊ အသည်းအတွက် အန္တရာယ်ရှိစေခြင်း၊ ဝမ်းလျောတတ်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာပြသနာများကို ဖြစ်စေနိုင်သည့်အတွက် ကြက်ဟင်းခါးသီးကို တစ်နေ့လျှင်(၁၀၀)ဂရမ်သာ စားသုံးသင့်ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ ယခု ဩဂုတ်လ (စတုထ္ထပတ်)အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၅၇၀၀)ကျပ်၊ ကြက်ဟင်းခါးသီး (၅၀)ကျပ်သားလျှင်(၂၉၀၀)ကျပ်၊ ကြက်ဟင်းခါးသီး(၂၅)ကျပ်လျှင် (၁၅၀၀)ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)