ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နာနတ်သီး ဈေးနှုန်းနှင့် ရရှိနိုင်သောကျန်းမာရေးအကျိုးအာနိသင်များ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေးတွင် နာနတ်သီးများ ရောင်းချလျက်ရှိရာ မိမိတို့ဒေသထွက် သီးနှံမဟုတ်သဖြင့် အခြားဒေသများဖြစ်သည့် မြစ်ကြီးနားမြို့၊ အင်းတော်မြို့၊ မန္တလေးမြို့နှင့် သီပေါမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     နာနတ်သီးမှာ ဗီတာမင်များစွာပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ နာနတ်သီး စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးအာနိသင်များဖြစ်သည့် ကိုယ်ခံအားကိုမြင့်မာစေပြီး ရောဂါဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ခြင်း၊ နာနတ်သီးမှာ သကြားဓာတ်ပါဝင်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေ၍ အအေးမိတုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ အရိုးများကိုသန်မာစေသည့်အပြင် အရိုးပွခြင်းကိုပါကာကွယ်ပေးနိုင်သော Maganese များစွာ ပါဝင်သောကြောင့် အရိုးအဆစ်များကိုသန်မာစေခြင်း၊ နာနတ်သီးကို ပုံမှန်စာသုံးလျှင် အမြင်အာရုံချို့ယွင်းမှုကို ကာကွယ်ပေးနိုင်ခြင်းကြောင့် အမြင်အာရုံကောင်းမွန်စေပါသည်။ နာနတ်သီးမှာ အမျှင်ဓာတ်များစွာပါဝင်လို့ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကိုကောင်မွန်စေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသောကြောင့် ကိုယ်အလေးချိန်ကိုပါလျော့ကျစေနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေသည့်အပြင် နှလုံးသွေးကြောပိတ်ခြင်းနှင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးအကျိုးအာနိသင်များရှိသည့်အတွက် နာနတ်သီးကို နေ့စဉ်ပုံမှန် စားသုံးသင့်ကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ်၊ ယခု ဩဂုတ်လ (စတုထ္ထပတ်)အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နာနတ်သီး ဈေးနှုန်းများမှာ နာနတ်သီး အသေး(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ နာနတ်သီး အလတ်(၁)လုံးလျှင် (၂၅၀၀) ကျပ် နှင့် နာနတ်သီး အကြီး(၁)လုံးလျှင်(၃၀၀၀/၃၅၀၀)ကျပ်တို့ အရွယ်အစားပေါ်မူတည်၍ အသီးသီးဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)