ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ နဂါးပေါ်ရပ်ကွက်၏ ဒေသထွက်ကုန် လက်ဆွဲခြင်းနှင့် ဇကာခုံးဈေးနှုန်း / ဈေးကွက်အခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ နဂါးပေါ်ရပ်ကွက်တွင် မိရိုးဖလာလုပ်ငန်းစုတစ်ခုဖြစ်သည့် လက်ဆွဲခြင်းနှင့်ဇကာခုံး ယက်လုပ်သည့်လုပ်ငန်းကို မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ကြပါသည်။

    လက်ဆွဲခြင်းနှင့် ဇကာခုံးယက်လုပ်ရာတွင် တင်းဝါးကိုအသုံးပြုရကြောင်း၊ တင်းဝါးထွက်ရှိ ဒေသ များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အတွင်းရှိ မဟာမြိုင်ရွာနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ စံပယ်နံ့သာရွာနှင့် ငှက်ပျောတိုင်းရွာများမှလည်း ထွက်ရှိကြောင်းသိရှိရပါသည်။

    လက်ဆွဲခြင်းယက်လုပ်ရာတွင် တင်းဝါး(၁)လုံးကို အသုံးပြုရ‌ကြောင်း၊ တင်းဝါး(၁)လုံးလျှင် ယခု လက်ရှိပေါက်ဈေး (၃၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တင်းဝါး(၁)လုံးယက်လုပ်လျှင် လက်ဆွဲခြင်း (၅)  လုံးရရှိကြောင်း၊ ယက်လုပ်ပြီးရရှိလာသော လက်ဆွဲခြင်းများကို ပြန်လည်ရောင်းချသည့် ဆိုင်များမှလာ ရောက်ဝယ်ယူကြပြီး လက်ကားရောင်းဈေး (၁) လုံးလျှင် အသေး/အကြီးပေါ်မူတည်၍ (၂၀၀၀/-) ကျပ် ၊ (၂၅၀၀/-) ကျပ်နှင့် (၃၀၀၀/-) ကျပ်ဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရှိရပါသည်။

   ဇကာခုံးယက်လုပ်ရာတွင် တင်းဝါးအမျိုးအစားဖြစ်သည့် ဝါးနီးဝါးကို အသုံးပြုရကြောင်း၊ ဝါးနီဝါး (၁)လုံးလျှင် ယခုလက်ရှိပေါက်ဈေး (၃၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဝါးနီဝါး(၁)လုံးယက်လုပ်လျှင် ဇကာခုံး (၁၅) လုံး ထွက်ရှိကြောင်း၊ လက်ကားရောင်းဈေးတစ်လုံးလျှင် အသေး/အကြီးပေါ်မူတည်၍ ( ၁၅၀၀/-  ) ကျပ်၊ (၁၈၀၀/-)ကျပ်နှင့်(၂၃၀၀/-)ကျပ်ဖြင့် လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။လက်ဆွဲခြင်းနှင့် ဇကာခုံးများကို ဇီးကုန်းမြို့၊ ရွှေဘိုမြို့နှင့် မုံရွာမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)