“မိတ္ထီလာမြို့နယ်၊ အ-မ-က (၁၃) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ အ-မ-က(၁၃) မူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊  ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ပြီး ပါသည်။

    အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ကြီးကြပ်ရေးမှူး ဦးရဲမြင့်ဆန်းက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံး၍ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca .gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက်  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ဆွေးနွေးဟောပြောပွဲကို နံနက်(၁၀:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)