“ဈေးကောင်းရသောချဉ်ပေါင်ရွက်”

Powered by Drupal

      ကျွန်တော်တို့မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူ၍ ဥတုသုံးပါးရှိသည်နှင့်အညီ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် တောင်သူများအနေဖြင့် နေ့စဉ်စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ရာသီအလိုက်သီးနှံများကို အစဉ်အဆက်မပြတ်စိုက်ပျိုးနေကြောင်းတွေ့ရှိရပါသည်။ယခုအခါ တောင်သူများအနေဖြင့် စျေးကောင်းရနေသော ချဉ်ပေါင်ပင်များကို အများဆုံးစိုက်ပျိုးလာသည်ကိုလည်းတွေ့ရှိရပါသည်။ တောင်သူများအနေဖြင့် ချဉ်ပေါင်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်း ဝင်ငွေအလွယ်တကူရရှိလာသောကြောင့် ချဉ်ပေါင်ပင်များကို အလေးထားစိုက်ပျိုးလာကြပါသည်။ ချဉ်ပေါင်(၁)ဧကစိုက်ပျိုးလျှင် ချဉ်ပေါင်မျိုးအနေဖြင့် (၈)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် (၁)ပြည်လျှင် (၇၅၀၀/-)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ (၁)လသားအရွယ်တွင် စတင်ရိတ်သိမ်းခူးဆွတ်ရောင်းချရကြောင်း၊ ချဉ်ပေါင်စျေးနှုန်းအနေဖြင့် ချဉ်ပေါင်းပင်(၅)ပင်စည်း(၁)စည်းလျှင် ဖောက်သည်စျေးအနေဖြင့် (၁၅၀/-)ကျပ်ဖြင့်ပေးသွင်းရပြီး လက်လီစျေးအနေဖြင့် (၂၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းချရကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် ချဉ်ပေါင်ပင်အစည်းပေါင်း (၆၅၀၀၀)စည်းထွက်ရှိကြောင်း၊ ချဉ်ပေါင်(၁)ဧကအကျိုးအမြတ် အနေဖြင့် (၆၅၀၀၀၀-၇၀၀၀၀၀)ကျပ်ခန့်အမြတ်များရရှိပြီး နေ့စဉ်ဝင်ငွေရရှိနေသောချဉ်ပေါင်ပင်များကိုပိုမိုစိုက်ပျိုးလာကြောင်း ချဉ်ပေါင်စိုက်ပျိုးသော ဇရပ်ဖြူကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)