ပေါက်ခေါင်းမြို့၏ ခရမ်းကြွပ်သီးစိုက်ပျိုးမှုနှင့် ထွက်ရှိမှု

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၁-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါ ခရမ်းကြွပ်သီးကို ဧက(.၂၅) စိုက်ပျိုးထားရှိသော တောင်သူ ဦးဇော်မင်းနှင့်တွေ့ဆုံ၍ မေးမြန်းရာ အပင်ပေါင်း (၂၀၀၀)ခန့်ရှိပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းကျပ်ခန့်ကုန်ကျကြောင်းသိရှိရပြီး ထွက်ပေါ်ချိန်တွင် အသီးခူးဆွတ်ရာ (၃)ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အလုံးရေ (၁)သောင်းခန့်ခူးဆွတ်ရရှိကြောင်းသိရပါသည်။ ခရမ်းကြွပ်သီးများကို ခူးဆွတ်ရာတွင် ခူးဆွတ်ချိန် (၁)လခွဲခန့်ကြာမြင့်ပြီး အကြိမ်ရေမှာ ပျမ်းမျှ (၁၅)ကြိမ်ခန့်ခူးဆွတ်ရောင်းချနိုင်ကြကြောင်းသိရှိရပါသည်။  ခရမ်းကြွပ်သီးများထွက်ပေါ်ချိန်တွင် ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲအထိလာရောက်၍ ဝယ်ယူကြသဖြင့် လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် ပျမ်းမျှရောင်းဈေးမှာ (၉)ကျပ်ဖြင့်ရောင်းချကြ၍ စျေးကွက်အတွင်း၌ လက်လီစျေးအနေဖြင့် (၁)လုံးလျှင် (၄၀)ကျပ်၊ (၁၀)လုံးလျှင် (၄၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။ ရောင်းချသောဈေးကွက်များမှာ ပေါက်ခေါင်းမြို့ပေါ်ရှိဈေးများအပြင် နယ်မြို့များရှိဈေးများနှင့် ပြည်ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးများထွက်ပေါ်ချိန်တွင် တောင်သူများဝင်ငွေအနေဖြင့် (.၂၅)ဧကတွင် ၁၃၅၀၀၀၀ကျပ်ရရှိပြီး အသားတင်အမြတ်မှာ ၈၅၀၀၀၀ကျပ်ခန့်ရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)