ပေါက်ခေါင်းမြို့ ဒေသထွက် ပဲစောင်းလျားသီး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ပဲစောင်းလျားသီးများစိုက်ပျိုးထားရှိသဖြင့် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါပဲစောင်းလျားသီးကို မိုးရာသီဖြစ်သော ဝါဆိုလတွင်စတင်စိုက်ပျိုးပြီး (၃)လအကြာတွင်ထွက်ပေါ်၍ ခူးဆွတ်ရောင်းချရပါသည်။ စိုက်ပျိုးထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် (.၂၅)ဧကတွင် ၃၅၀၀၀၀ကျပ်ခန့်ကုန်ကျပြီး ဝင်ငွေအနေဖြင့် ၁၁၂၅၀၀၀ကျပ်ခန့်ရရှိကြောင်းသိရှိရပါသည်။ ပဲစောင်းလျားသီးများ ထွက်ပေါ်ချိန်တွင် (၂)ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အတောင့်ရေ ၂၅၀၀ကျော်ခူးဆွတ်ရရှိသည်ဟုသိရပါသည်။ ပဲစောင်းလျားသီးခူးဆွတ်သည့် အကြိမ်မှာ ၄၅ကြိမ်ခန့်ခူးဆွတ်ရရှိပါသည်။ ဈေးနှုန်းဈေးကွက်တွင် လက်ကားစျေးအနေဖြင့် ပဲစောင်းလျားသီး (၁)တောင့်လျှင် (၁၀)ကျပ်ဖြင့် စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး စျေးကွက်အတွင်း၌ လက်လီစျေးနှုန်းအနေဖြင့် (၁၀)တောင့်ပါတစ်စည်းလျှင်(၁၅၀)ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချကြပါသည်။ စိုက်ခင်းမှလာရောက်ဝယ်ယူကြသော ကုန်သည်များသည် ထိုမှတစ်ဆင့် ဒေသတွင်းအပြင် ပြည်မြို့ရှိဈေးများသို့လည်း တင်ပို့ရောင်းချသကဲ့သို့ အနီးနားရှိနယ်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် ပဲစောင်းလျားသီးထွက်ပေါ်ချိန်မှ အသီးများတုံးချိန်အထိ (.၂၅)ဧကတွင် ၇၇၅၀၀၀ကျပ်ရရှိသည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)