ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ အ-ထ-က(ရွှေတံခါး)၊ အ-ထ-က(၁)၊ မူ-လွန်(မဟာဇေယျုံ)ကျောင်းသို့လည်းကောင်း၊ ရွှေတောင်မြို့၊ အ-မ-က(ညောင်ဝိုင်း)ကျောင်း၊ အ-မ-က(အင်ကြင်းစင်) ကျောင်းသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ မူ-လွန်(တမာကုန်း)၊ မူ-လွန် (ခတ္တိယ)၊ အ-မ-က(သရက်လိန်)၊ မူ-လွန်(သရဲဇီး)၊ အ-မ-က (ဖောင်းကန်)၊ မူ-လွန်(စည်သာ)သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အ-မ-က(ငှက်တော်ဦး)သို့လည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအား မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)