ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Powered by Drupal

      စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ အ-ထ-က(ရွှေတံခါး)နှင့် အ-ထ-က(၁)ကျောင်းများသို့ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ မြို့မဈေးရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊  ကြာနီကန်ရပ်ကွက် မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ ဆင်တဲဈေးနှင့် ထုံးဘိုဈေးရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ဆင်တဲရွာနှင့် ထုံးဘိုဈေး မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၂/၅)ရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသောကုန်စည်များကို တင်သွင်း ရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)