လက်ပံတန်းမြို့မဈေးအတွင်းမှ ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဇူလိုင်လ ဒုတိယပတ်မှ ဇူလိုင်လ နောက်ဆုံးပတ်အထိ ကြက်သွန်နီ (အကြီး) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့သော်လည်း ကြက်သွန်နီများကို မိုးရာသီစားသုံးရန် စားသုံးသူများ သိုလှောင်ကြပြီး နောက်ပိုင်းတွင်လည်း ကြက်သွန်နီများ ဈေးကွက်အတွင်း၌ ယခုဩဂုတ်လ တတိယပတ်ထိ (၂၅၀၀-၂၈၀၀) ကျပ်ဖြစ်၍ ဈေးနှုန်းငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

       အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဇူလိုင်လ ဒုတိယပတ်မှ ဇူလိုင်လ ဒုတိယပတ်တွင် အာလူးတစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်ပေါက်ဈေးဖြင့် အရောင်း အဝယ်ရှိနေခဲ့ပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် ၄၀၀၀-၄၅၀၀ ကျပ်၊ ဩဂုတ်ပထမပတ်နှင့် ဩဂုတ်လ တတိယပတ်တွင် အာလူးဈေးနှုန်းများမြင့်တက်လာခဲ့ရာ (၄၅၀၀-၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် အာလူးဈေးနှုန်းအခြေအနေမှာ ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)