လက်ပံတန်းမြို့၏ ဖွဲနုဈေးကွက်အခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များ ကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်း ဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၆၅ကျပ်ဖြစ်ပြီး ဖွဲနု ၆၅ပေါင်ပါတစ်အိတ်လျှင် ၁၇၂၂၅ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုဩဂုတ်လ၊တတိယအပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၁၀ ကျပ်ပေါက်ဈေးသာရှိနေကြောင်း၊ ဖွဲနု ၆၅ပေါင်ပါ တစ်အိတ်လျှင် ၂၀၁၅၀ကျပ်ဈေးဖြင့် လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့်ယခုလဈေးနှုန်းနှိုင်းယှဉ်ပါက ဒေသတွင်းလိုအပ်ချက်များသောကြောင့် ဈေးနှုန်းသည် အတက်ဘက်သို့ ဦးတည်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)