![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၀၃_2.jpg?itok=WRlM2eII)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကြက်ဥ/ ဘဲဥ လက်လီလက်ကားဈေးနှုန်းများမှာ သြဂုတ်လ၊ တတိယအပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင် (၄၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၉၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၈၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ရှိနေခဲ့ပါသည်။
ဘဲဥဈေးကွက်ရောင်းချမှုအနေဖြင့် ဘဲဥအကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၄၀) ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် (၄၃၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ရှိနေကြောင်းသိရှိရပါသည်။ တစ်နေ့လျှင် ကြက်ဥ/ ဘဲဥရောင်းအားမှာ (၁၅၀၀)လုံးခန့်ထိအရောင်းအဝယ်ဖြစ်နေကြောင်း ကြက်ဥ/ဘဲဥ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ကုန်စုံဆိုင်မှ သိရှိရပါသည်။
DOCA(ပဲခူး)