ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၃-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ အွန်လိုင်းစနစ်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

         အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မေးမြန်းရာ ညောင်တုန်းစားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရှင်းလင်းပြောကြားရာ အွန်းလိုင်းဖြင့် ကုန်စည်ဝန်ဆောင်မှုကို ဖြန့်ဖြူးရောင်းချနေသည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို အွန်းလိုင်းမှတ်ပုံတင်ပြီးမှသာ ရောင်းချမှုလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့အမိန့်ကြော်ငြာချက်အမှတ် (၅၁/၂၀၂၃)ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ဥပဒေပုဒ်မ၄၊ ပုဒ်မ (ဂ)အရ ၂၁ရက်နေ့၊ ဇူလိုင်လ ၂၁ရက်တွင် ထုတ်ပြန်ကြော်ငြာခဲ့ကြောင်း၊ ၎င်းအမိန်တွင် အခန်း(၈)ခန်းနှင့် ပုဒ်မ(၃၀)ပါရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဦးစီးဌာန၏ လျှောက်လွှာပုံစံ၊ မှတ်ပုံတင်လက်မှတ်ပုံစံ၊ မှတ်ပုံတင်ကြေးနန်းနှင့် အွန်လိုင်းဝန်ဆောင်ခကို   မည်သူမဆို ဤအမိန့်အရ ထုတ်ပေးထားသည့်လက်မှတ်မရှိဘဲ အွန်းလိုင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅၏ ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိချမှတ်နိုင်ကို ပြည်သူနှင့် လုပ်ငန်းရှင်များသိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

       ဆက်လက်၍ အွန်လိုင်းစနစ်မှတ်ပုံတင်ခြင်းဆိုင်ရာနှင့်ပတ်သက်၍ ရောင်းချခြင်းလုပ်ငန်းအား နိဂုံးချုပ်အနေဖြင့် ပြောကြားရမည်ဆိုလျှင် အွန်းလိုင်းဖြင့်သာ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအချက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းကို အမြဲကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လိုအပ်၍ လုပ်ငန်းရှင်များက ဆက်သွယ်လိုပါက ညောင်တုန်းမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးဖုန်းသို့ ဆက်သွယ်နိုင်ပါကြောင်း  ဆွေးနွေးအသိပညာပေးခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)