တူးချောင်း အ.ထ.က ကျောင်းတွင် အသိပညာပေးဟောပြောခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၃-၈-၂၀၂၄)ရက်နေ့၊  နံနက် (၁၀း၀၀)နာရီအချိန်မှ နေ့လယ် (၁၂း၀၀) နာရီအချိန်ထိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အတူ ညောင်တုန်းမြို့နယ်၊ တူးချောင်း(အ.ထ.က)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ ဆရာမ(၅၅၀)ဦးအား  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြသည်။

      ဟောပြောပွဲ၌ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ဟော​ပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး၊ ချိုမီဇင်(ဒုဦးစီးမှူး)က အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ သတိပြုရမည့် ဆိုးဆေးများအန္တရာယ်နှင့် စားသုံးရန်မသင့်သော  အစားအစာများနှင့် အချိုရည်များအကြောင်းကိုလည်းကောင်း ဟောပြောခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူပြည်သူများစားသုံးသော ကုန်စည်နှင့်မုန့်မျိုးစုံများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏တာဝန်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)