စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့တို့သည် (၂၂-၈-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ်ပြည်သူများ သက်သာသောဈေးဖြင့် ဆီဝယ်ယူအသုံးပြုနိုင်ရေးအတွက် အရှေ့ပိုင်းရပ်ကွက်ဈေး၊ ကမ်းနားဈေး၊ အနောင်ပိုင်းရပ်ကွက်ဈေး၊ မြို့သစ်ဈေးနှင့် အခြားလက်ကားဆီအရောင်းဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် စားသုံးဆီများ ပြည်သူ့လက်ဝယ်အမှန်တကယ်ဝယ်ယူရရှိနိုင်ရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်ရည်ရွယ်၍  သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်က ပန်းတနော်မြို့နယ်၊ စျေးအတွင်းရှိ ရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြသည်။

         ဆက်လက်စစ်ဆေးရာ ရောင်းချသည့် ဆီလုပ်ငန်းဆိုင်ရှင်များကို စားအုန်းဆီသည် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး  ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ အမြတ်၂ % ဖြင့်ရောင်းချကြရန်၊ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www. doca. gov. mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းကို ပညာပေးပြောကြား၍ ပန်းတနော်ဈေးကွက်အတွင်း စားသုံးဆီများကို သတ်မှတ်ချက်နှင့်အညီရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)