ပလတ်စတစ်လျှော့ချသုံးစွဲရေး ဌာနဆိုင်ရာများပူးပေါင်း၍ ဈေးအတွင်း ကွင်းဆင်းအသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်း​ဒေသကြီး၊​ မအူပင်ခရိုင်၊​ ပန်းတနော်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ ​အပတ်စဉ် သောကြာနေ့တိုင်းကို ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၂၃-၈-၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်၌ ပန်းတနော်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

      ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူး​ပေါင်း၍ မြို့မ​စျေးအတွင်းနှင့်အပြင်တွင် လိုက်လံကွင်းဆင်းစစ်​ဆေး​​ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က ဈေးရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန် အလေးချိန်ပြည့်ဝစွာရောင်းချနိုင်ရေးနှင့်၊ စားသုံးသူတို့က တန်ဖိုးနှင့်အညီ ငွေပေးချေ၍ ကုန်စည်ကိုဝယ်ယူသဖြင့် ဘေးအန္တရာယ်ကင်းစွာထုပ်ပိုးနိုင်ရန် ပတ်ဝန်ကျင်းကို ထိန်းသိမ်းသည့်အနေဖြင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲကြရန်၊ သားငါးဈေးနှုန်းများကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်ကို ပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)